Type Here to Get Search Results !

VAGABOND (2019)


  VAGABOND (2019)

ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီဆောင်းဂီ နဲ့ ဘယ်ဆူဇီ တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် စပိုင် စီးရီး‌လေး လာပါပြီ အက်ရှင်သရုပ်ဆောင်ကောင်း ဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ် သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကို ခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက် ကြုံရာအလုပ်ကို လုပ်နေရတယ်... သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင် အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတယ် သူ့တူလေးဟာ မော်ရိုကိုအသွားမှာ လေယာဉ်ပျက်ကြီးသေဆုံးသွားတယ် ချစ်ရတဲ့တူလေးရဲ့ စျာပနရှိရာ မော်ရိုကို ကို သူလိုက်သွားတယ်... သူလိုက်သွားတဲ့ အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာ မတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ် အဲ့ဒီနောက်မှာတော့. သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်း စပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ် မင်းသားဖြစ်တဲ့ လီဆောင်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက် ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...