Good Job (2022)
ဒီကားလေးရဲ့ဇာတ်ကြောင်းကတော့ လုပ်ငန်းရှင် သူဌေးတစ်ဖြစ်လဲ စုံထောက်အနေနဲ့ နှစ်ဘဝလုံးကို ပိုင်နိုင်စွာ ဖြတ်သန်းနေတဲ့ “Eun Sun Woo”။ လုပ်ငန်းရှင်ဆိုလည်း လုပ်ငန်းရှင်အလျောက် Gentleman ဆန်ဆန်နဲ့တည်တည်ငြိမ်ငြိမ်နေတတ်သလို စုံထောက်အနေနဲ့လည်း ပါးနပ်ဖြတ်လတ်ပြီး ဇွဲကောင်းတဲ့သူတစ်ယောက်အနေနဲ့ Jung Il-woo က သရုပ်ဆောင်သွားမှာဖြစ်ပြီး …
ထူးခြားတဲ့အမြင်အာရုံရှိပြီး တက်တက်ကြွကြွရှိတဲ့ လျှို့ဝှက်စွမ်းအားပိုင်ရှင်ကောင်မလေး “Don Se Ra” အဖြစ်ကိုတော့ “Kwon Yu-ri” ကသရုပ်ဖော်ပေးသွားမှာပဲဖြစ်ပါတယ်။
တစ်ယောက်တည်းနဲ့ ဘဝဇာတ်ခုံ နှစ်ခုကို ကနေတဲ့ စုံထောက်ကိုကိုနဲ့ စွမ်းအားရှင်မမတို့ ဘယ်လိုဆုံတွေ့ပြီး နှစ်ပါးသွားကြမလဲဆိုတာကိုတော့ ဒီဇယတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး
