My Name (2021)
ကိုယ်တွေအားမလိုအားမရဖြစ်ခဲ့ရတဲ့ နာဘီမဟုတ်တဲ့ Badass Han So Heeလာပါပြီ။
မင်းသားကလည်း Ongoing seriesတွေထဲကတစ်ခုဖြစ်တဲ့ Yumi's Cellsထဲက Ahn Bo Hyunပါ။ Action, Thriller အမျိးအစားဖြစ်လို အချိလေးတွေတော့ မပါလောက်ပါဘူး အဲဒီအစား သေနတ်သံတွေနဲ့ သွေးသံတရဲရဲကိုပဲ မျှော်လင့်ထားလိုက်နော်...
Yoon Ji Woo (Han So Hee), ဖခင်အသတ်ခံရမှုအတွက် လက်စားချေချင်နေတဲ့သူမဟာ အင်အားကြီးပြီး ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ ဘော့စ်တစ်ယောက်လက်အောက်ခိုဝင်ပြီး ထိုသူရဲ့လမ်းညွှန်ချက်အတိုင်း ရဲတပ်ဖွဲ့ထဲဝင်ရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ Ji Wooတစ်ယောက် ရဲတပ်ဖွဲ့ဝင်ဖြစ်လာပေမယ့် နှလုံးသားထဲမှာတော့ လက်စားချေလိုခြင်းကသာ ကိန်းအောင်းနေသူပါ။ ကိုရီးယားရဲ့ အကြီးဆုံးမူးယစ်ရာဇာတစ်ယောက်ဖြစ်တဲ့ Choi Moo Jinကလည်း သူမကို လျှိဝှက်ကူညီပေးနေပါသေးတယ်။
Ji Woo ရဲတပ်ဖွဲ့ထဲရောက်လာပြီးနောက် Jeong Pil Dol (Ahn Bo Hyun)က သူမရဲ့ပါတနာဖြစ်လာခဲ့ပါတယ်။ Pil Dolတာဝန်ကျတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ရဲ့ခေါင်းဆောင် Cha Gi Hoက သူရာထူးမှအနားမယူမီ အချိန်အတော်ကြာရန်ဘက်ဖြစ်ခဲ့တဲ့ Choi Moo Jinရဲ့ ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို ကြွေးကြော်ထားတဲ့သူ...
အပိုင်း(၈)ပိုင်းပါဝင်မယ့် ဒီလိုရှုပ်ထွေးပွေလီတဲ့ ဒုစရိုက်လောကနဲ့ ရဲတပ်ဖွဲ့ဝင်တိုကြားက အားပြိုင်မှုတွေ၊ နာဘီ Bad Girl versionရဲ့ အဖေ့အတွက်သွေးကလဲ့စားကရော အောင်မြင်မလား ကျရှုးမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုကြရမှာပါ...
