Chimera 2021
Chimeraဆိုတာ ခြင်္သေ့ခေါင်း ဆိတ်ကိုယ်လုံး မြွေအမြီးနဲ့ ပါးစပ်ကမီးမှုတ်ထုတ်နိုင်တဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို ခေါ်သတဲ့
အဲ့အကောင်နဲ့ ဒီဇာတ်လမ်းဘယ်လိုဆက်စပ်နေသလဲဆိုတော့ကား
1984ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမတော်တဆမှုတစ်ခု...
ထူးဆန်းစွာပဲ နောက် ၃၅နှစ်အကြာမှာ အဲ့လိုတပုံစံတည်း ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လူသတ်သမားချန်ထားတဲ့ Chimera သင်္ကေတကြောင့် Chimera ကွင်းဆက်လူသတ်မှုရယ်လို အမည်တွင်ခဲ့ပါလေရော
အဲ့ဒီလို နှစ်ချီကြာ ကွင်းဆက်အမှုကြီးမှာ လူသတ်အကြမ်းဖက် ရာဇဝတ်မှုစုံထောက် ချားဂျယ်ဟွမ်...
ရာဇဝတ်မှုပရိုဖိုင်လာလုပ်နေတဲ့ ယူဂျင်းနဲ့...
ခွဲစိတ်ဆရာဝန် ဂျွန်ယော့တို ပါဝင်ပတ်သက်လာပြီး အမှုနှစ်ခုကြားက လျှိဝှက်ချက်အမှန်တရားတွေကို ဖော်ထုတ်ကြတဲ့အခါမှာတော့...
ကဲ...ကွင်းဆက်လူသတ်မှုနဲ့ မှုခင်း အရှုပ်တော်ပုံတွေကြား ရင်တမမ ခေါင်းတခဲခဲကြည့်ရတာကိုမှ အားရကျေနပ်တဲ့သူများအနေနဲ့ OCNရဲ့ အသစ်စက်စက် ဒီစုံထောက်ရဲဇာတ်လမ်းတွဲသစ်မှာ ကြည့်ရှုခံစားလိုရပါပြီ
Main roleက သရုပ်ဆောင်ထားကြတဲ့ အာဂျူရှီးကလည်း ခုတလော ထိန်းမရအောင်ေတ်စားနေတဲ့ Squid Game ထဲက No 218 ဂျိုဆန်းဝူးနဲ့ Blue seaမှာ ဟောဂျွန်းဂျယ်တိုစကွက်ထဲက အာဂျူးရှီးတိုပဲ ဖြစ်ပါတယ်
