Type Here to Get Search Results !

The Worst of Evil (2023)


  The Worst of Evil (2023)

1990 ခုနှစ်တွေကို အခြေခံရိုက်ကူးထားတဲ့ ဒီစီးရီးလေးကတော့ Ji Chan Wook,Wi Ha Joon,In Se Mi စတဲ့ မင်းသား မင်းသမီးတွေကို အက်ရှင်ပြကွက် အလန်းစားတွေနဲ့ တစ်ဝကြီးကြည့်ရှူရမယ့် အက်ရှင်စီးရီး အသစ်လေးပဲဖြစ်ပါတယ်။ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Park Joo Mo(Ji Chan Wook) က တစ်ရက်မှာ ကိုရီးယား တရုတ်နဲ့ ဂျပန်အထိ ဆက်စပ်ပါဝင်နေတဲ့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်လံစုံစမ်းစစ်ဆေးဖို့ ဖြစ်လာခဲ့ပါတယ်။ Park Joo Mo ရဲ့ ဇနီးဖြစ်သူ Yoo Ui Jung(In Se Mi) ကလည်း ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ့ယောက်ျားစုံစမ်းနေတဲ့ မူးယစ်ဆေးမှုမှာ ပါဝင်ပတ်သက်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရှေ့ကို လူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင်အသစ်ဖြစ်တဲ့ Jung Ki Cheol(Wi Ha Jeon) ပေါ်လာခဲ့တဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူတို့က မကောင်းတဲ့သူတွေကို အောင်အောင်မြင်မြင် အနိုင်ယူနိုင်ပါ့မလားဆိုတာ ဗုဒ္ဓဟူးနေ့တိုင်းမှာ Happy Channel နဲ့အတူ စောင့်ကြည့်ပေးပါဦးနော်။

  • Older

    The Worst of Evil (2023)