The K2 (2016)
အထူးတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ် ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချ
ခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol က
အလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်စပိန် နိုင်ငံ ဘာစီလိုနာ မြို့မှာ တိမ်းရှောင်နေရင်း
ကိုရီးယား ပြန်လာဖို့ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီး
ဖခင် ဖြစ်သူနဲ့တွေ့ရှိနိုင်ဖို့ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ့ စတင်
ဆုံဆည်းခဲ့ပါတယ်ဒီလိုနဲ့ ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန်
နေ့စားလုပ်သားတစ်ယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုရင်း
အမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ့အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို့
သမ္မတလောင်းရဲ့ဇနီးသည် ချွဲ ယူဂျင်း က သူ့ကို အပြတ်ရှင်းထုတ်ပစ်ဖို့
စီစဉ်ခဲ့ပါတယ်ဒါကို ပါးနပ်လွန်းတဲ့ ကင်မ် ဂျယ်ဟာ က လက်ဦးမှုယူပြီး
သမ္မတလောင်းကတော်ကိုပြန်ပေးဆွဲက သူနဲ့ပတ်သက်တဲ့သူတွေနဲ့သူ့ကို
ထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို့ကြိုးစားစဉ်မှာ ထပ်ဆင့်
လုပ်ကြံမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ် သူ့ကိုထပ်မံလုပ်ကြံသူတွေက
လက်စားချေဖို့အတွက် ချွဲ ယူဂျင်းနဲ့လက်တွဲပြီးJSS အဖွဲ့ရဲ့
အထူးသက်တော်စောင့် တစ်ယောက်အနေနဲ့သူမုန်းတီးတဲ့ နိုင်ငံရေးလောကနဲ့
ပြန်လည်ပတ်သက်ဖို့အကြောင်းဖန်လာခဲ့တယ်ချွဲ ယူဂျင်း က တော့ JB ကုမ္ပဏီ
ဥက္ကဌကြီးရဲ့ သမီးကြီးတစ်ယောက်ဖြစ်ပါတယ်JSS အဖွဲ့မှာ K2 ဆိုတဲ့
Code Name ကိုလက်ခံရရှိခဲ့တဲ့ ကင်မ် ဂျယ်ဟာတစ်ယောက် သူ ကာကွယ်ပေးရမဲ့
သမ္မတလောင်းရဲ့သမီးက ဘာစီလိုနာမှာဆုံတွေ့ခဲ့ဖူးတဲ့ အန်နာ ဆိုတဲ့
မိန်းမငယ်လေးဖြစ်နေတာကို သိခဲ့ရပြီးသူ တို့သားအဖ နှစ်ယောက်ရဲ့ဒုက္ခတွေကိုပါ
သိမြင်ခဲ့လို့ကူညီနိုင်ဖို့ကြိုးစားရင်းအန်နာ ကို ကာကွယ်ပေးရတဲ့ သက်တော်စောင့်
တစ်ဦးဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ ချွဲ ယူဂျင်းရဲ့ရက်စက်လွန်းလှတဲ့ အစီအစဉ်တွေ
…. ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ … စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့
JB ကုမ္ပဏီ ရဲ့ပြဿနာ အရှုပ်အရှင်းတွေကြားထဲမှာK2 တစ်ယောက် အန်နာ ကို
ကာကွယ်ပေးနိုင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်
ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင် ဇာတ်လမ်းတွဲပြီးပြီး
Romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့် ပရိသတ်တို့
အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ထင်ပါတယ်