Type Here to Get Search Results !

Goblin (2016)


  Goblin (2016)

မှင်စာဝိညာဉ် 
 မှင်စာဦးလေးကြီးကား ပြန်ကြည့်ချင်တဲ့သူတွေအတွက် Movie review စစ်သူကြီးဂင်ရှင်းဟာ ဂိုလျောခေတ်ရဲ့ဒိတ်ဒိတ်ကြဲစစ်သူကြီးတစ်ဦးပါ ( ဇာတ်လမ်းအရ😁) တိုက်ပွဲတိုင်းအောင်နိုင်နေသည့်အတွက်ဂုဏ်သတင်းကျော်ဇော်ပီးဘုရင့်နာမည်တောင်မှေးမှိန်ရလောက်အောင်ပါ ဒါကြောင့်ဘုရင်ဟာသူ့အာဏာတည်တံ့ရေးအတွက် တိုင်းပြည်ပုန်ကန်ရန်ကြံစည်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကွပ်မျက်လိုက်ပါတော့တယ် အစိမ်းသေဂင်ရှင်းဟာ နောက်ဘဝမကူးပဲ လူပေါင်းများစွာအပေါ်ကိုသူသတ်ခဲ့တဲ့ အကုသိုလ်ကြောင့်မှင်စာဖြစ်သွားပါတော့တယ် ထာဝရသေဆုံးခြင်းမရှိပဲစွမ်းအားတွေရရှိတဲ့မှင်စာဘဝဆိုပေမယ့် သူ့ရင်ထဲမှာစိုက်နေတဲ့ဓားကတော့နုတ်မရပဲအမြဲနာကျင်နေရပါတယ် တစ်ချိန်မှာမှင်စာသတို့သမီးပေါ်ထွက်လာပီးနုတ်ပေးမှသာ ဓားကနုတ်ရပီး ပြာအဖြစ်ကူးပြောင်းပီးဘဝကူးပီးကျွတ်လွတ်မှာဖြစ်ပါတယ် နှစ်ကိုးရာကျော်အကြာမှာတော့မှင်စာသတို့သမီးပေါ်ထွက်လာခဲ့ပီး သူ့ဓားကိုပဲနုတ်ပေးမလား သူနဲ့ပဲဖူးစာတွေဖြစ်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါ